အဝေးမှအလုပ်လုပ်ရင်း တစ်နာရီလျှင် USD 5 (K10,395 ခန့်) ရရှိမည်
မြန်မာဘာသာဖြင့် အွန်လိုင်းမှ အချက်အလက်စစ်ဆေးသည့် အလုပ်များကိုလုပ်ဆောင်ပြီး ဝင်ငွေရှာပါ။ အချိန်အကန့်အသတ်မရှိဘဲ မိမိအဆင်ပြေမည့်အချိန်တွင် အဝေးမှအလုပ်လုပ်နိုင်ပါသည်။ လုပ်ငန်းအတွေ့အကြုံရှိရန် မလိုအပ်ပါ။
အဝေးမှအလုပ်လုပ်ရင်း ဝင်ငွေစတင်ရှာဖွေပါ
လူတိုင်းအောင်မြင်နိုင်မည့် တရားမျှတပြီး ပံ့ပိုးကူညီမှုရှိကာ ကောင်းမွန်သည့် လုပ်ငန်းခွင်တစ်ခုဖြစ်လာစေရန် ကျွန်ုပ်တို့ ကတိကဝတ်ပြုထားပါသည်။
သတ်မှတ်ထားသော အပတ်စဉ်လုပ်ငန်းတာဝန်များကို ပြီးမြောက်အောင် လုပ်ဆောင်နိုင်သရွေ့ တစ်နေ့တာ၏ မည်သည့်အချိန်တွင်မဆို အလုပ်လုပ်နိုင်ပါသည်။
ကမ်းခြေရောက်နေချိန်ဖြစ်စေ၊ ကလေးထိန်းရင်း အိမ်မှာနေချိန်ဖြစ်စေ သင့်ဘဝနေထိုင်မှုပုံစံနှင့် ကိုက်ညီအောင် အလုပ်လုပ်နိုင်ပါသည်။
သင်လုပ်ဆောင်သည့် အလုပ်အတွက် ထိုက်တန်သော အကျိုးခံစားခွင့်ရရှိမည်ဟု ကျွန်ုပ်တို့ ယုံကြည်ပြီး သင်ရရှိမည့် ဝင်ငွေက ၎င်းကို သက်သေပြနေပါသည်။
PayPal, Payoneer, Airtm နှင့် အခြားသော သင်နှစ်သက်ရာ ငွေထုတ်ယူမှုနည်းလမ်းများကို အသုံးပြုပြီး သင့်ဝင်ငွေများကို အလွယ်တကူ ထုတ်ယူနိုင်ပါသည်။
အကဲဖြတ်စစ်ဆေးမှုများကို အောင်မြင်မည့် အခွင့်အလမ်းပိုများစေရန် အသုံးပြုရလွယ်ကူသော လမ်းညွှန်များကို ဖတ်ရှုပြီး လေ့ကျင့်ခန်းများကို ဖြေဆိုပါ။
နည်းပညာပိုင်းဆိုင်ရာ အတွေ့အကြုံမရှိလျှင်ပင် AI နယ်ပယ်တွင် ချက်ချင်းဝင်ရောက်လုပ်ကိုင်နိုင်ပါသည်။ လက်ရှိခေတ်စားနေသော ကျွမ်းကျင်မှုများဖြင့် သင့်ကိုယ်ရေးရာဇဝင် (Resume) ကို အဆင့်မြှင့်တင်လိုက်ပါ။
Tomasz သည် CrowdGen ကို Appen Crowd ဟု ခေါ်ဆိုခဲ့သည့် ၂၀၂၁ ခုနှစ်ကတည်းက ပရောဂျက်များတွင် ပါဝင်လုပ်ကိုင်ခဲ့သူဖြစ်ပါသည်။ ပြီးခဲ့သောနှစ်များအတွင်း သူသည် စုံစမ်းထောက်လှမ်းရန် ဈေးဝယ်ခြင်း (mystery shopping) မှစ၍ ဘာသာစကား သုတေသန လေ့ကျင့်ပေးမှုများ (LLM training) အထိ လုပ်ငန်းတာဝန်အမျိုးမျိုးကို လုပ်ဆောင်ခဲ့ပါသည်။
CrowdGen ကပေးသော အချိန်ညှိနှိုင်းနိုင်မှုနှင့် ပရောဂျက်မန်နေဂျာများထံမှ ရရှိသော ခိုင်မာသည့် ပံ့ပိုးကူညီမှုများကို သူက တန်ဖိုးထားပါသည်။
ဟုတ်ကဲ့ ယုံကြည်စိတ်ချရပါတယ်။ CrowdGen သည် သြစတြေးလျ စတော့အိတ်ချိန်းတွင် APX အမည်ဖြင့် စာရင်းဝင်ထားသော အများပြည်သူပိုင် ဒေတာကုမ္ပဏီဖြစ်သည့် Appen ၏ လုပ်ငန်းပလက်ဖောင်းတစ်ခု ဖြစ်ပါသည်။
ကျွန်ုပ်တို့သည် machine learning နှင့် AI ထုတ်ကုန်များ၊ ဝန်ဆောင်မှုများ ဖွံ့ဖြိုးတိုးတက်ရေးတွင် ကမ္ဘာ့ရှေ့ဆောင်တစ်ဦး ဖြစ်ပါသည်။ လုပ်ငန်းသက်တမ်း ၂၅ နှစ်တာကာလအတွင်း ကျွန်ုပ်တို့၏ AI နည်းပညာကို ပုံဖော်ရာတွင် ကူညီပေးနေသော အဖွဲ့ဝင်ပေါင်း ၁,၀၀၀,၀၀၀ ကျော် ရှိနေပြီဖြစ်ပါသည်။
CrowdGen မှတစ်ဆင့် ကမ္ဘာလုံးဆိုင်ရာ AI ဖွံ့ဖြိုးတိုးတက်ရေးနှင့် သုတေသနလုပ်ငန်းများအတွက် အွန်လိုင်းအလုပ်များကို သင်က လုပ်ဆောင်ပေးရင်း အဝေးမှ ဝင်ငွေရှာဖွေနိုင်ပါသည်။
ရပါတယ်။ CrowdGen ပရောဂျက်များကို အချိန်ညှိနှိုင်းမှု အပြည့်အဝရရှိစေရန် ဖန်တီးထားပါသည်။ သတ်မှတ်ထားသော အလုပ်ချိန်နှင့် အရည်အသွေးစံနှုန်းများကို ပြည့်မီသရွေ့ သင်အဆင်ပြေမည့်အချိန်ကို လွတ်လပ်စွာ ရွေးချယ်လုပ်ကိုင်နိုင်သောကြောင့် အခြားအလုပ်များနှင့် မျှတအောင် အလွယ်တကူ လုပ်ဆောင်နိုင်ပါသည်။
ပရောဂျက်တစ်ခုကို လျှောက်ထားသည့်အခါ CrowdGen ပလက်ဖောင်းပေါ်တွင် သင့်အကောင့်နှင့် ပရိုဖိုင်ကို ဖွင့်ရန် ညွှန်ကြားပါလိမ့်မည်။ ထိုသို့လုပ်ဆောင်နေစဉ်အတွင်း သင်နှစ်သက်ရာ ငွေထုတ်ယူမှုနည်းလမ်းကို ရွေးချယ်နိုင်ပြီး ၎င်းကို အချိန်မရွေး ပြင်ဆင်ပြောင်းလဲနိုင်ပါသည်။
သင့်တည်နေရာပေါ်မူတည်၍ PayPal, Payoneer, Airtm (သို့) ဘဏ်အကောင့်သို့ တိုက်ရိုက်လွှဲပြောင်းခြင်း အပါအဝင် ဝင်ငွေထုတ်ယူရန် နည်းလမ်းအမျိုးမျိုး ရှိနိုင်ပါသည်။
ကျွန်ုပ်တို့၏ CrowdGen ပံ့ပိုးကူညီရေး ပလက်ဖောင်းသို့ စုံစမ်းမေးမြန်းမှု (ticket) တစ်ခု ပေးပို့ပါ။ သင့်ထံ အမြန်ဆုံး အကြောင်းပြန်ပေးပါမည်။